သေချင်တဲ့အခါ ရှေ့သွားများကိုသတိရပါ



သေနတ်တစ်လက်ရှိမနေခဲ့

အဆိပ်ခွက်လည်း ရှိမနေခဲ့

သေချင်တဲ့အခါ ရှေ့သွားများကိုသတိရပါ


ကုလားဖန်ထိုးတာထိုင်ကြည့်ပြီး

ဖဲချိုးခွင့်မရတဲ့ ဖဲသမား

အမှောင်ဟာ

ထူထူထဲထဲ စောစောစီးစီး ရောက်ရှိလာခဲ့



လကွယ်ည ၌ လမရှိ

ငါ့လက်ဖျံ ၌ နာရီမရှိ

အန္တရယ် ရှိနေတဲ့လူ

မင်းဟာ ထောင့်အရပ်မသင့်တော့ဘူး



အမှောင်ထဲငုတ်တုတ်ထိုင်

မြင်ကွင်းအသေတွေထိုင်ကြည့်

ကြယ်တံခွန်တွေထိုင်ကြည့်

ဂြိုဟ်အသွားအလာတွေထိုင်ကြည့်



မင်းဟာအကုသိုလ်ကောင်ပဲ

ဘယ်သူနဲ့ ကြွေအံ ကစားချင်သေးလဲ



သေချင်တဲ့အခါ ရှေ့သွားများကိုသတိရပါ



ကြယ် ပန်း လူ

0 comments:

Post a Comment