အငြိ

Posted on 7:54 PM by ကြယ်ပန်းလူ

ငြိ


ကောင်းကင်ပွင့်ပြီလား
မှုန်ဝါးဝါးနွေရာသီတွေ ငါ့အတွက်များနေပြီ
ဘယ်ကိုရောက်မယ်မှန်းမသိ
လှေခါးဆိုရင် ကိုယ်ကတက်တက်သွားချင်တယ်

ဘယ်ကလာ အမေရယ်
ကျွန်တော့်မှာ အဖြူတွေဒေါင်လိုက်ကြီး
ကျွန်တော့်ဇာတာရော ရှိသေးလား

နဖူး စာလာမရေးပါနဲ့
တကယ်ဆိုရင် ရင်ဘတ်မှာရေးပါ
ပြန်ငုံ့ဖတ်ပြီး
ပယ်ပယ်နယ်နယ် ဖူးပွင့်ချင်တာပေါ့
တယောကိုင်ပြီး လာမကြည့်နဲ့
ကျွန်တော့်ကိုယ် ကျွန်တော်
ကြိုးတပ်တီးခတ်နေတာ

အဲဒီမိန်းမ
မိုးထိတိုက်ပေါ်မှာ သူမနေတယ်
လူညာမကြီးပေါ့
ကျွန်တော်သာ “အရောင်” ဆိုရင်
သူ့ကို မမြင်ရအောင် “မှောင်”ပစ်လိုက်မယ်
ရပါတယ်ကောင်မလေးရယ်
အခုတော့ဝမ်းနည်းပါတယ်
နင်နဲ့ငါ နက္ခတ်တစ်လုံးစာ ဝေးခဲ့ပြီ
မနေ့ကနေသာတယ်
ပန်းတွေရယ်
အားလုံး “စံပယ်” ဖြစ်လိုက်ပါတော့

ကျွန်တော်စိတ်မရှည်ခဲ့ဘူး
ဆရာကြီးမို့လဲ သည်းခံခဲ့ပါတယ်
အဲဒီတရားဟောဆရာ
ကျွန်တော့်ကို ဘယ်နှစ်ဒီဂရီရှိလဲ
သူ့ကျင်တွယ်နဲ့ချိန်တယ်
ကျွန်တော်မှိန်ပေးလိုက်ပါတယ်
ရိုင်းတာက ကျွန်တော်ပါ
ဒါပေမဲ့
သူ ယဉ်ကျေးတာက
ကျွန်တော့်ကို အငွေ့နဲ့ ထိခိုက်တယ်
ကျွန်တော့်ခြေသံကိုက နည်းနည်းကျယ်တယ်
ရပါတယ်
ကျွန်တော့်ကို ကုန်အောင် မစားလိုက်ရင် ပြီးတာပဲ

ကျွန်တော့်ကို မီးပူတိုက်ပေးပါ
ကိုယ့်ကိုယ်ကို အချိုးမပြေကြောင်း
မနေ့ကသိလိုက်တယ်


ကြယ် ပန်း လူ

0 comments:

Post a Comment