ကျွန်တော်ပိုပြီးပြင်းတဲ့နေရောင်ခြည်လိုချင်ပါတယ်


ဘ၀ကိုဖဲပွတ်သလိုပွတ်ကြည့်ရတဲ့အရသာ
ဘယ်လိုနေမလဲ
ကျွန်တော်က သွေးအေးသတ္တ၀ါလည်းဖြစ်ချင်တယ်
လူပြက်လည်းဖြစ်ချင်တယ်
အတော်ဆုံးတောင်တက်သမားလည်းဖြစ်ချင်ပြန်တယ်

ဆေးဆိုးထားသောဒုက္ခကိုစားသုံးပြီးနောက်
ဒုက္ခဆိုတာလှလှလေးမှန်းသိလာတယ်
ငွေကြေးဟာ အရသာအစုံရှိပါတယ်
နာကျင်မှုတွေကလည်း အရသာအစုံရှိတာပါပဲ

ကျွန်တော် ဒီထက်ပြင်းတဲ့နေရောင်ခြည်လိုချင်ပါတယ်
ကျွန်တော့် အရေပြားတွေ ပိုပြီးမာကျောထူထဲသွားအောင်လို့
နောက်ပြီး အံသွားတွေ ပိုပြီးတိုသွားအောင်လို့


ကြယ်ပန်းလူ